၂၀၂၅ ခုနှစ် ၉ လ ပိုင်း (၁) ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် ပြည်နယ်နှင့်တိုင်း ခြင်းလုံးအလှခတ်ပြိုင်ပွဲ ကို မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချူပ် နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ကြီးမှုးကျင်းပရန်အတွက် ပဲခူးတိုင်း ညွန်ကြားရေးမှုး အားကစားနှင့်ကာယပညာ ဦးစီးဌာန မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချူပ် ဒု-ဥက္ကဌ ဦးဝင်းတင့် နှင့် အတူ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချူပ် အမှုဆောင်များမှ ၂၁.၇.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်းသို့ သွားရောက်၍ နံနက် (၉) နာရီတွင် ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်း ကို ပဲခူးတိုင်းဒေသကြီးရှိ အားကစားနှင့်ကာယပညာ ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ ကြောင်းဖော်ပြအပ်ပါသည်။ ထိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အားကစားသမားများ၊ နည်းပြ နှင့် ဒိုင်များ ပြိုင်ပွဲ ကာလအတွင်း တည်းခိုနေထိုင်နိုင်ရန်အတွက်ဆွေးနွေးခြင်း၊ နေ့စဥ် ဧည့်ခံကျွေးမွေး ခြင်းများအတွက် ဆွေးနွေးခြင်း၊ ခြင်းလုံးညီလာခံပြုလုပ်ရန်အတွက် ခန်းမရွေးချယ်နှင့် ပြိုင်ပွဲမစတင်မှီ Manager Meeting ပြုလုပ်ရန် တိုင်ပင်ဆွေးနွေးမှုများကို ပြုလုပ်ခဲ့ပါသည်။ ထို့နောက် ပြိုင်ပွဲပြုလုပ်မည့် ပဲခူးတိုင်းဒေသကြီးအားကစားရုံများသို့ သွားရောက် ကြည့်ရှူလေ့လာ၍ ပြိုင်ပွဲတွင် အသုံးပြုမည့် အမှတ်ပေး စနစ်များကိုလဲ သွားရောက် စမ်းသပ်ခဲ့ကြပါသည်။